ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
အမျိုးသားပညာရေးမူဝါဒကော်မရှင်
ပါမောက္ခချုပ်များ ကော်မတီ

သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ

 

(က) အမျိုးသားပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ မူဝါဒများနှင့်အညီ ကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက် များအပေါ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူလူထုများ သိရှိနိုင်စေရေး အတွက် သတင်းများထုတ်ပြန်ခြင်း၊ သတင်းများပေးပို့ခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက် ခြင်း၊
(ခ) ကော်မတီ Website ထူထောင်ခြင်း၊ Information Corner (သို့မဟုတ်) ပြောရေးဆိုခွင့် ပုဂ္ဂိုလ်မှတဆင့် ပြည်သူလူထု၏သိလိုသမျှ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခြင်း၊
(ဂ) ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာ ပြည်သူလူထု အကြံပြုချက်များအပေါ် စုစည်းခြင်း၊ စစ်တမ်း ကောက်ယူရရှိမှုများအပေါ် ဆန်းစစ်လေ့လာခြင်းနှင့် ကော်မတီသို့ အကြံပြုတင်ပြခြင်း၊
(ဃ) အဆင့်မြင့်ပညာရေး သတင်းလွှာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများထုတ်ဝေခြင်း၊ ရုပ်မြင် သံကြား ပညာရေးအစီအစဉ်များ လွှင့်ထုတ်ခြင်း၊
(င) လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များအား လစဉ် ကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊

 

Category: