ဝန်ထမ်းရေးရာ လုပ်ငန်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(က) | နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်း ရေးရာကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံ များ အစုအဖွဲ့အလိုက် လုပ်ငန်းလမ်းညွှန်များရေးဆွဲပြုစုခြင်း၊ |
(ခ) | ဝန်ထမ်းခန့်ထားခြင်း၊ ဝန်ထမ်းလေ့ကျင့်ခြင်း၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဝန်ထမ်း စည်းကမ်းအရ အပြစ်ပေးအရေးယူခြင်း၊ ဝန်ထမ်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဆိုင်ရာ မူများပြုစုလျှက် ကော်မတီမှတဆင့် ကော်မရှင်၏အတည်ပြုချက်ရယူခြင်း၊ |
(ဂ) | ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး အစီအမံများရေးဆွဲခြင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် ဆိုင်ရာ အရည်အသွေးသတ်မှတ်ချက်မူများ သတ်မှတ်ခြင်း၊ ကော်မတီမှတဆင့် ကော်မရှင် ၏ အတည်ပြုချက်ရယူခြင်း၊ |
(ဃ) | ကော်မတီ၏ အထောက်အကူပြုဌာန ဝန်ထမ်းများဆိုင်ရာ ဝန်ထမ်းရေးရာကိစ္စရပ်များ အတွက် တာဝန်ယူဆောင်ရွက်ပေးခြင်း၊ |
(င) | အဆင့်မြင့်ပညာကျောင်းများအတွက် ဝန်ထမ်းရေးရာလက်စွဲစာစောင်များ ပြုစုထုတ်ဝေ ခြင်း၊ |
(စ) | လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များအား ကော်မတီသို့ လစဉ်အစီရင်ခံတင်ပြခြင်း၊ |