ညီလာခံခေါ်ယူခြင်း
(က) | ပါမောက္ခချုပ်များညီလာခံအား ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်ခေါ်ယူကျင်းပသည်။ |
(ခ) | ကော်မတီ ဥက္ကဌ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သဘောတူညီမှုဖြင့် လိုအပ်လျှင် ပါမောက္ခချုပ်များညီလာခံအား အရေးပေါ် (သို့မဟုတ်) အထူးညီလာခံအဖြစ် ခေါ်ယူကျင်းပနိုင်သည်။ |
(ဂ) | တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများဆိုင်ရာ အရေးပါသော မူဝါဒများ၊ ဆုံးဖြတ်ချက်များကို ညီလာခံ၌ အဆိုပြုတင်သွင်းလျှက် ကိုယ်စားလှယ်များ၏ ဆန္ဒအရ အတည်ပြုဆောင်ရွက်သည်။ |